အားလုံးပဲ မင်္ဂလာပါ
ကျွန်တော် ဒီနေ့ ပြောပြသွားမှာကတော့ ကိုယ်အသုံးပြုနေတဲ့ ကွန်ပျူတာ၊ laptop တို့မှာ အကြောင်းအမျိုးမျိုးကြောင့်
physical keyboardမရှိခဲ့ရင် ရိုက်လို့မရခဲ့ရင် windowမှာပါတဲ့ on screen keyboardကို အသုံးပြုပြီး စာရိုက်လို့ရအောင်
လုပ်ပြသွားမှာပဲဖြစ်ပါတယ် ပေါက်ပေါက်ရှာရှာနိုင်ပေမဲ့ အသုံးလိုလာခဲ့သည်ရှိသော် အသုံးပြုလို့ရအောင် စိတ်ပါဝင်စားတယ်ဆိုရင်တော့ အဆုံးထိ ဖတ်ကြည့်ဖို့ အကြံပြုပါတယ်
နည်းလမ်း ၁ — Settings မှဖွင့်ရန်
Start ခလုတ် တနည်းအားဖြင့် Window buttuon ကိုနှိပ်လိုက်ပါ
power ခလုတ် အပေါ်က Settings (gear icon) ကို နှိပ်လိုက်ပါ
Ease of Access ကိုနှိပ်လိုက်ပါ Gamingအနားမှာရှိပါတယ်
ဘယ်ဘက်ခြမ်းအောက်ဘက် keyboardဆိုတာကို မြင်တဲ့အထိ ရွေ့လိုက်ပါ
keyboardဆိုတာကို နှိပ်လိုက်ပါ
use the On-screen keyboardဆိုတာကို on လိုက်ပါ
screen မှာ ခုလိုမျိုး ကီးဘုတ်ပေါ်လာမှာပဲဖြစ်ပါတယ်ဒီနေရာမှာ physical keyboardသာရှိတယ် on-screen keyboardကို
လုပ်ကြည့်ချင်တယ်ဆိုရင်တော့ win+ctrl+oကို နှိပ်လိုက်ရင်လည်းရပါတယ်
နောက်တနည်းကတော့ (၂)
touch screen ရတဲ့ laptop တွေအတွက် အသုံးဝင်မှာပါ
နည်းလမ်း ၂ — Touch Keyboard ကို mouse နဲ့ဖွင့် (Windows 11/10) Taskbar ကို right click နှိပ်ပြီး Show Touch Keyboard button ကို အမှန်ခြစ်ပေးလိုက်ရင် taskbar က နာရီ အနားက keyboardပုံလေးကို နှိပ်လိုက်ရင်တော့ touch screen keyboardရလာမှာပဲဖြစ်ပါတယ်
Desktop က this pc/my computerကို ဖွင်လိုက်ပါ
C:\Windows\System32 ထဲသို့ mouse နဲ့သွားပါ ပြီးရင်
osk.exe ကိုရှာပြီး Double-click လိုက်ရင် ခုလိုပဲ ကီးဘုတ်ရလာမှာဖြစ်ပါတယ်
နည်းလမ်း ၄ — Login Screen အဖြောင့် ဘက်ထောင့်မှ ဖွင့်ရန်
window lock ဖွင့်ဖို့အချိန် on-screen keyboardပေါ်စေချင်ရင်
Right-bottom corner က Ease of Access icon ကို နှိပ်လိုက်ပါ
On-Screen Keyboard ကိုရွေး OSK ပေါ်လာပြီး Password ထည့်လို့ရပါပြီ

Post a Comment