OSK KEYBOARD (on-screen keyboard)

အားလုံးပဲ မင်္ဂလာပါ

ကျွန်တော် ဒီနေ့ ပြောပြသွားမှာကတော့ ကိုယ်အသုံးပြုနေတဲ့ ကွန်ပျူတာ၊ laptop တို့မှာ အကြောင်းအမျိုးမျိုးကြောင့်

physical keyboardမရှိခဲ့ရင် ရိုက်လို့မရခဲ့ရင် windowမှာပါတဲ့ on screen keyboardကို အသုံးပြုပြီး စာရိုက်လို့ရအောင်

လုပ်ပြသွားမှာပဲဖြစ်ပါတယ် ပေါက်ပေါက်ရှာရှာနိုင်ပေမဲ့ အသုံးလိုလာခဲ့သည်ရှိသော် အသုံးပြုလို့ရအောင် စိတ်ပါဝင်စားတယ်ဆိုရင်တော့ အဆုံးထိ ဖတ်ကြည့်ဖို့ အကြံပြုပါတယ်


နည်းလမ်း ၁ — Settings မှဖွင့်ရန်


Start ခလုတ် တနည်းအားဖြင့် Window buttuon ကိုနှိပ်လိုက်ပါ

power ခလုတ် အပေါ်က  Settings (gear icon) ကို  နှိပ်လိုက်ပါ

Ease of Access  ကိုနှိပ်လိုက်ပါ  Gamingအနားမှာရှိပါတယ်

ဘယ်ဘက်ခြမ်းအောက်ဘက်  keyboardဆိုတာကို မြင်တဲ့အထိ ရွေ့လိုက်ပါ

keyboardဆိုတာကို  နှိပ်လိုက်ပါ 

use the  On-screen keyboardဆိုတာကို on လိုက်ပါ

screen မှာ ခုလိုမျိုး ကီးဘုတ်ပေါ်လာမှာပဲဖြစ်ပါတယ်

ဒီနေရာမှာ physical keyboardသာရှိတယ် on-screen keyboardကို

လုပ်ကြည့်ချင်တယ်ဆိုရင်တော့  win+ctrl+oကို နှိပ်လိုက်ရင်လည်းရပါတယ်


နောက်တနည်းကတော့ (၂)

touch screen ရတဲ့ laptop တွေအတွက် အသုံးဝင်မှာပါ


နည်းလမ်း ၂ — Touch Keyboard ကို mouse နဲ့ဖွင့် (Windows 11/10)
Taskbar ကို right click နှိပ်ပြီး Show Touch Keyboard button ကို အမှန်ခြစ်ပေးလိုက်ရင် taskbar က နာရီ အနားက keyboardပုံလေးကို နှိပ်လိုက်ရင်တော့ touch screen keyboardရလာမှာပဲဖြစ်ပါတယ်


နည်းလမ်း ၃ — File Explorer မှ OSK ကို တိုက်ရိုက်လှမ်းဖွင့်မှာဖြစ်ပါတယ်


Desktop က this pc/my computerကို ဖွင်လိုက်ပါ

C:\Windows\System32 ထဲသို့ mouse နဲ့သွားပါ ပြီးရင်

osk.exe ကိုရှာပြီး Double-click လိုက်ရင် ခုလိုပဲ ကီးဘုတ်ရလာမှာဖြစ်ပါတယ်


နည်းလမ်း ၄ — Login Screen အဖြောင့် ဘက်ထောင့်မှ ဖွင့်ရန်


window lock ဖွင့်ဖို့အချိန် on-screen keyboardပေါ်စေချင်ရင်

Right-bottom corner က Ease of Access icon ကို  နှိပ်လိုက်ပါ

On-Screen Keyboard ကိုရွေး OSK ပေါ်လာပြီး Password ထည့်လို့ရပါပြီ


#osk_keyboard
#on-screen_keyboard
#yzpktechnotes
#yoonzarpyikyaw
#window

Post a Comment

أحدث أقدم