အချိန်ကြာကြီးနေပြီးမှ စီးရီးကောင်းတစ်ခုကို ပြန်ခံစားခဲ့ရတယ်။ မင်းသားကြီး Nicolas Cage ရဲ့ ရုပ်ရှင်တွေ ကတော့ ငယ်ငယ်တုန်းကတည်းက ကြည့်ခဲ့တာ မကောင်းတဲ့ ရုပ်ရှင်တွေရယ်လို့ မရှိသလောက်လိုမျိုးကို တွေ့ခဲ့ရတယ်။ သရုပ်ဆောင်ကလည်း မိုက်တယ်။ နိုင်ငံခြားရုပ်ရှင်မင်းသားတွေထဲမှာဆိုရင် Nicolas Cage ရုပ်ရှင်တွေကို အရင် ကြည့်ဖူးခဲ့တယ်။
ဒီရုပ်ရှင်ထဲမှာဆိုရင်လည်း စစ်ပြန်တစ်ယောက်အနေနဲ့ စုံထောက်အလုပ်ကို လုပ်ကိုင်နေတဲ့ သာမာန်လူတစ်ယောက်အနေနဲ့ ပါဝင်ထားတယ်ဆိုပေမဲ့ ဂျာမန်တွေစီက စစ်သုံ့ပန့်တွေကို ကယ်ထုတ်ရင်း စမ်းသပ်ခံ ပင်ကူအသွင်ပြောင်းတော့မယ် လူတစ်ယောက်ကိုက်ခြင်းခံရပြီး ပင့်ကူအစွမ်းတွေရလာခဲ့တယ်။
ဒီလိုနဲ့ပဲ ရလာတဲ့ ပင်ကူအစွမ်းတွေနဲ့ နေသားကျအောင် အချိန်ကြာကြာ လေ့ကျင့်နေထိုင်ခဲ့ရတယ်လို့တော့ ပြောတယ်။ ဒီရုပ်ရှင်ထဲမှာတော့ အကျယ်တဝင့် မဖော်ပြထားဘူး။ ဒီလိုမျိုး အစွမ်းတွေရလာတာက သူတစ်ယောက်တည်းလားဆိုတော့ မဟုတ်ပြန်ဘူး ဒါပေမဲ့ စွမ်းအားနဲ့ တသားတည်းကျသွားတဲ့ သူကတော့ သူတစ်ယောက်ပဲ တခြားသူတွေကတော့ အဲဒီအစွမ်းတွေကို လက်ခံနိုင်စွမ်းမရှိပဲ ဆင့်ကဲပြောင်းလဲမှုတွေကြောင့် နောက်ဆုံးမှာ အသက်ပေးသွားခဲ့ရတယ်။
ဒီရုပ်ရှင်တွေထဲမှာ ရယ်လည်းရယ်ရတယ် ကြိုက်လည်းကြိုက်ရတဲ့ ဇာတ်ဝင်ခန်းတွေကတော့
ဒီ ဇာတ်ဝင်ခန်းကတော့ မင်းသမီးက စုံထောက်ကို စပိုက်ဒါဟုတ်မဟုတ်သိချင်တယ် ပြောရရင် စုံထောက်က စပိုက်ဒါဖြစ်တယ်ဆိုတာ သူ့ဘက်က သေချာလို့ ပြတင်းပေါက်ကနေ တမင်ခုန်ချလိုက်တာဖြစ်တယ် အဲဒါကို စပိုက်ဒါက လိုက်ကယ်လိုက်တာဖြစ်တယ်။
နောက်ထပ်ရယ်ရတဲ့ ဇာတ်ဝင်ခန်းကတော့ စပိုက်ဒါ နောက်ယောင်ခံလိုက်နေတုန်း တိုက်ခန်းတစ်ခန်းမှာ အရပ်တွေ? ကပ်နေတဲ့ ဇာတ်ဝင်ခန်းပဲ အဲဒီအရပ်ကပ်နေတဲ့ပုံကို စပိုက်ဒါရဲ့ လက်ထောက်ကောင်မလေးက ဓာတ်ပုံတောင်ထုတ်လိုက်သေးတာပဲ
စီးရီးအစမှာ Ben Reilly ဟာ သူ့ရဲ့ချစ်သူ Ruby သေဆုံးသွားတဲ့အတွက် စိတ်ထိခိုက်ပြီး “The Spider” ဘဝကို စွန့်လွှတ်ထားသူအဖြစ် ပြထားပါတယ်။ Ruby က ရန်သူတစ်ဦးကြောင့် သေဆုံးခဲ့ပြီး Ben က သူမကို မကယ်တင်နိုင်ခဲ့တာကြောင့် အပြစ်ရှိသလို ခံစားနေရတာက စီးရီးတစ်လျှောက် သူ့ရဲ့ အဓိကစိတ်ဒဏ်ရာ ဖြစ်နေပါတယ်။ သူ့ချစ်သူ အုတ်ဂူမှာ ပြောခဲ့တဲ့ ဇာတ်ဝင်ခန်းက စကားတွေက လက်တွေ့ကြတယ်
ဒီဇာတ်ဝင်ခန်းထဲကလိုပဲ ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်မှာ အရွယ်ရလာတာနဲ့အမျှ ယူစရာတာဝန်ဝတ္တရားတွေက များလာတယ်။ အဲလိုများလာတာမှာမှ မိမိနဲ့ ပတ်ဝန်းကျင်ကိုကောင်းအောင် ကြိုးစားနေချိန်မှာပဲ ကျွန်တော်တို့ အချိန်ပေးဖို့/မေ့လျော့သွားတတ်တဲ့ ကိုယ်ချစ်ရတဲ့ မိသားစုဝင်တွေပေါ်မှာ တာဝန်မကျေတာမျိုးတွေ ဖြစ်သွားတတ်တယ်။
လူတစ်ရာကို ကမ်းပေးနိုင်ခဲ့ပေမဲ့ ကိုယ့်လက်ကို ဆုပ်ကိုင်ထားတဲ့ တစ်ယောက်ကိုတော့ လွတ်ကျသွားစေခဲ့တယ်။ အဲဒီသဘောတရားကို ဒီဇာတ်ဝင်ခန်းက မီးမောင်းထိုးပြလိုက်တာပါ။
စိတ်မကောင်းစရာကတော့ စပိုက်ဒါကို Felicia Hardy က သူ့ကောင်လေး(သဲလူသား)ပြန်ကောင်းလာဖို့အတွက်အသုံးချသွားတာပဲ
" ငါက သူမကို ကယ်တင်နေတယ်လို့ ထင်ခဲ့တယ်။
တကယ်တော့ သူမက
တခြားတစ်ယောက်ကို ကယ်တင်ဖို့ ငါ့ကို အသုံးချနေခဲ့တာ။ "
အောက်က ပုံ ၂ပုံကတော့ ရုပ်ရှင်ထဲမှာ ဓာတ်ပုံအရ မိုက်တယ်လို့ခံစားရတဲ့ ဇာတ်ဝင်ခန်းဖြစ်တယ်။ ဒီဇာတ်ဝင်ခန်းကတော့ စပိုက်ဒါ အစမ်းသပ်ခံပြီး လွတ်မြှောက်လို့ ဖြေဆေးရည်ရလာပြီးနောက်ပိုင်း ဇာတ်ဝင်ခန်းတစ်ခုဖြစ်တယ်။










0 Comments