Tulsa King mmsub

    Tulsa King စီးရီးကတော့ တော်တော်ကိုကောင်းတယ် ပြောရမယ် အတူးသဖြင့် ကျွန်တော့် ဘက်က ကြည့်ရင်ပေါ့ ရုပ်ရှင်က ဂန်းစတားကားဆိုပေမဲ့ အငြိမ်ဘက်ကိုသွားတယ် မဖြစ်မနေပါရမယ့် အက်ရှင်အခန်းတွေ ဆိုရင် တောင် ငြိမ်ငြိမ်လေးနဲ့ ရိုက်ပြသွားတယ်။ ဒီလိုငြိမ်တာကလည်း အရွယ်ရောက်နေပြီဖြစ်တဲ့ ရမ်ဘိုအတွက်လည်း ကောင်းပါတယ်။ 

    ဒီရုပ်ရှင်မှာဆိုရင် ရမ်ဘိုက ဂန်းစတားဆိုပေမဲ့ နေရာတကာမှာ သေနတ်မသုံးပဲ ပြဿနာကို ဖြေရှင်းတာမျိုး တွေရှိတယ်။ အထူးသဖြင့် တချို့မှာဆိုရင် ချောက်လို့ရရင်ရ စကားပြောစွမ်းရည်နဲ့ ဖြေရှင်းသွားတာမျိုး အပေးအယူလုပ်သွားတာမျိုး ဂန်းစတားဆိုတာထက် စီးပွားရေးသမားလိုမျိုး ဖြစ်နေတယ်။ သူကလည်း အဓိက အားဖြင့် စီးပွားရေးပဲ လုပ်သွားတာ။ လက်တွေ့ဆန်တယ် စိတ်ထဲရှိတာနဲ့ ရော့အင့်ဆိုပြီး မသတ်ဘူး တကယ်လိုအပ်မှ ဘယ်လိုမှ ညှိနှိုင်းလို့မရတော့ဘူး သူ့အပေါ်အရမ်း ရန်လိုနေတဲ့သူ တချို့ကိုပဲ ရှော့တယ်။

    တချို့ ဇာတ်ဝင်ခန်းတွေမှာဆိုရင်လည်း ရယ်ရတဲ့ အခန်းတွေပါတယ်။ ဟာသမြောက်အောင်ပါ ရိုက်ပြ နိုင်တဲ့ ဇာတ်ဝင်ခန်းတွေပါတယ်။ လုံးဝအားနည်းချက်ကြီးကတော့ တည်းဖြတ်သမား တည်းဖြတ်တာ လုံးဝမမိုက်ဘူး ဒါကလည်း ပြောရရင် ဒါရိုက်တာပဲပြောရမယ်။ တည်းဖြတ်ဆိုတာမှာလည်း ဇာတ်ဝင်ခန်း တစ်ခန်းနဲ့ တစ်ခန်း အကူးအပြောင်းမှာပဲ အားနည်းတာ အပိုင်းခွဲတာမှာတော့ ကြည့်နေတဲ့သူကို ဟာ ဘာဖြစ်ဦးမလဲ ဆိုပြီး တထိုင်တည်း ကြည့်ချင်အောင် ဖြတ်နိုင်တယ်။ အဲဒါပဲ တခြား ဇတ်ကောင်ပါဝင်မှုမှာလည်း သူ့ဘဝ ကိုယ့်ဘဝ ဆိုတာ ရှိတယ်။ မျှတတယ်။  

    ဒီရုပ်ရှင်ကြည့်တာမှာ ဘာကျန်ခဲ့လဲဆိုတော့ ရမ်ဘိုရဲ့ ဗျူဟာကျကျ လုပ်ဆောင်နိုင်မှု၊ စာပေလေ့လာတယ် ဆိုတာ တနည်းအားဖြင့် ပေါင်းသင်းဆက်ဆံရေးအရမ်းကောင်းတယ်ဆိုတာ။ တချို့ ဇာတ်ဝင်ခန်းတွေမှာဆို ကြည့်ရှုတစ်ယောက်အနေနဲ့ ဖြစ်စေချင်တာက ဘက်ဗီလာကွာကို ဖမ်းသွားတာကို ခုဇာတ်သိမ်းထားတဲ့ ဇာတ်ဝင်ခန်းမှာ လွှတ်လာတာမျိုးကို ဖြစ်စေချင်တယ်။ အရာရှိ မူဆို ပြောပုံအရလည်း ဘက်ဗီလာကွာကိုက ရည်မှန်းချက် မရှိတဲ့ ဂန်းစတားလို့ မြင်တယ် အဲဒါမို့ ရမ်ဘို လုပ်မဲ့ အလုပ်တွေ မပျက်ရအောင် ဖမ်းထားတယ်ဆိုတာကလည်း ကြည့်ရှုတွေကို လက်ခံစေတယ်။ 

    နာရီပြင်တဲ့ ကောင်ကို ရှင်းတဲ့ နေရာမှာလည်း သူ့နည်းသူ့ဟန်နဲ့ ရှင်းတယ်ဆိုပေမဲ့ သူစစ်မေးလို့ သိရရင် မူဆို လက်ကို အသက်ရှင်ရက် ပြန်အပ်လိုက်စေချင်တယ်။ အဲဒါမှ မူဆိုက နာရီပြင်တဲ့ ဗုံးထောင်တဲ့ ကောင်ကို ဖမ်းချင်တာမှာ ပုဂ္ဂိုလ်ရေးအရ ပါဝင်မလားဆိုတာကို ကြည့်ရှုသူတွေက သိနိုင်မှာ။ ဘာလို့လဲဆိုတော့ သူသာ တရားဝင် ဖမ်းချင်တယ်ဆိုရင် သူ့အဖွဲ့ဝင်တွေ အများကြီးနဲ့ ဖမ်းမှာလေ။

 ဒါပေမဲ့ နောက်ဆုံး ကိုးလ်ရဲ့ အဖေကို ရှင်းတဲ့ အခန်းမှာတော့ လုံးဝ စိတ်မကောင်းဖြစ်ရတယ်။ သားတစ်ယောက်က အဖေဖြစ်သူရဲ့ နောက်ဆုံးအချိန်ဖြစ်နေချိန် တနည်းအားဖြင့် သူကိုယ်တိုင် သူ့အဖေကို တခြားသူ တစ်ယောက်ကို သတ်ဖို့ မြေပုံကအစ ဆွဲပေးလိုက်ရတာမှာကို စိတ်မကောင်းဖြစ်မိတယ်။ သားဖြစ်သူအနေနဲ့ ခံစားရင်လည်း သူမလုပ်ချင်တဲ့ ဒုစရိုက်ကို သူ့အဖေဂုဏ်ယူဖို့အတွက်သာ လုပ်နေရတာ။ ပြီးတော့ သူ့အဖေက အမွှေအနှစ်ဆိုတာကိုချည်းပြောပြောနေတယ် သူ့ရဲ့ အမွှေအနှစ်တွေ ထိန်းသိမ်းဖို့ အတွက်ဆိုရင် သူ့သားကပါ အသက်ကိုစတေးဖို့ ဝန်မလေးဘူးလို့ သတ်မှတ်ထားတယ်လို့ ခံစားရတယ်။ တကယ်တမ်းတော့ အမွှေအနှစ်ဆိုတာထက် ကျန်ရှိနေတဲ့ သားအဖနှစ်ယောက် ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ လက်တွဲလုပ်ကိုင် သွားနိုင်ရင် ဇာတ်က အရမ်းလှမယ်လို့ ခံစားရတယ်။ 

    ကိုးလ်ရဲ့ အဖေကို မီးမရှို့ခင်အထိ ရမ်ဘိုကို လူမှန် တနည်းအားဖြင့် စီးပွားရေးလုပ်နေတဲ့ မာဖီးယားဂန်းစတားလို့ ခံစားနေရသေးတယ်။ ဒါပေမဲ့ ကိုးလ်ရဲ့ အဖေကို သတ်လိုက်တာမှာ ရမ်ဘိုရဲ့ ဇာတ်ကောင်ပေါ်ကို ကြည့်ရှုသူတစ်ယောက်အနေနဲ့ လေးစားမှု နည်းနည်းလျော့သွားတယ်။ ရမ်ဘိုက မီးရှို့သတ်လိုက်တာမှာလည်း ကြည့်ရှုသူအနေနဲ့ မသတ်စေချင်ခဲ့ဘူး တနည်းအားဖြင့် သူဟာ လူမိုက် လူရမ်းကားဖြစ်နေပါစေဦး လူဟာ လူတစ်ယောက်ရဲ့ အဖေဖြစ်တယ် ပြီးတော့ သူ့ကို ဖမ်းဖို့ အတွက်ပါ သူ့သားက ကူညီပေးလိုက်တာကို နောက်ဆုံးအနေနဲ့ အသိပေးခြင်းဖြင့် သူ့သားဆီကို ပြန်အပ်လိုက်တာက ပိုကောင်းမယ် လို့မျှော်လင့်တယ် ခံစားရတယ်။

    သူ့အဖေကို မသတ်ရင်လည်း သူ့ဘက်မှာ ပါဝင်နေတဲ့ အရက်ချက်စက်ရုံပိုင်ရှင်ရဲ့ သမီးက သူ့အဖေ သေခဲ့ရတာအတွက် အခွင့်ရတုန်းမှာ ကိုးလ်ရဲ့ အဖေကို သတ်စေချင်မှာပဲ ရမ်ဘိုဇာတ်ကောင်က အဲလိုတွေးပြီး တနည်းအားဖြင့် သူနဲ့ အပေးအယူလုပ်ထားတဲ့ သူကာကွယ်ပေးရမယ့် သူတစ်ယောက်ကို မီးရှို့သတ်လိုက်လို့ ကိုးလ်အဖေကိုလည်း အဲဒီအတိုင်းပဲ သတ်လိုက်တာလို့ သတ်မှတ်ရတော့မယ်။ ဒီနေရာမှာတော့ သားအဖချင်းဖြစ်လာတဲ့နေရာမှာ ချစ်ကီက သူ့အဖေကို သူကိုယ်တိုင်သတ်လိုက်တာကပဲ ဟုတ်သေးတယ်။ ဘယ်လိုပဲပြောပြော သူများလက်ထဲအပ်လိုက်တာထက်စာရင် ဘယ်လိုလဲဆိုတော့ တကယ်သာတွေးကြည့်ရင် သူ့အဖေကိုသတ်ပြီး ရမ်ဘိုတို့အဖွဲ့က အောင်ပွဲခံ နေချိန်မှာ သူ့မှာတော့ သူ့အဖေကို သူကိုယ်တိုင်သတ်ဖို့ လမ်းပြလိုက်ရတယ်။ တနည်းအားဖြင့် သူက တာဝန်မကျေတဲ့ သားတစ်ယောက်လို နောင်တတွေနဲ့ ရှင်သန်နေရတော့မှာ။ အဲဇာတ်ကောင်က အသက်ရှင်နေလည်း ပျော်တော့ မှာမဟုတ်ဘူး။ 

အောက်ကပုံတွေကတော့ ရုပ်ရှင်ထဲမှာ ကြိုက်ရတဲ့ ဇတ်ဝင်ခန်းက ဒိုင်ယာလော့တွေဖြစ်တယ်။ ရုပ်ရှင်ထဲမှာ အရယ်ရဆုံးကတော့ "ထိပ်ဆုံးတန်းက ဝက်ဝံကြီးကို ယူမယ်နော်" ဆိုတာကြီးက တွေးတွေးပြီးတော့ ကြည့်ရှုသူကို ရယ်စေချင်တာ တကယ်လည်း ရယ်ရတယ်။ ပထမရယ်မိတာကတော့ newyorkက ဂန်းစတားတွေဖြစ်တဲ့ ကောင်တွေက ဆိုင်မှာ မုန့်ရောင်းနေတာဖြစ်တယ်။ ဒီရုပ်ရှင်မှာ အားမရတာကတော့ newyorkသားတွေက မြို့ကြီးသားတွေဖြစ်ပြီး အရမ်းအားနည်းနေတယ်။ ဒါကလည်း TulsaKingဆိုတဲ့ ခေါင်းစဉ်နဲ့ အညီဖြစ်အောင်မို့ Tulsaမှာရောက်နေတဲ့ အဓိက ဇာတ်ကောင်ကိုပဲ အသားပေးထားလို့ နေမှာပါ။

tulsa king mmsub

tulsa king mmsub

tulsa king mmsub

 

Post a Comment

Previous Post Next Post