System file တွေက /sbin directory(dir)ထဲမှာ ရှိတတ်တယ်။ install လုပ်ထားတဲ့ ပရိုဂရမ်တွေကတော့ /usr, /opt dirမှာ ရှိတယ်
/bin ဆိုတာ binary ရဲ့ အတိုကောက်ဖြစ်တယ်။ ပရိုဂရမ်တွေမှာ source နဲ့ binary ဆိုပြီး (၂)မျိုးရှိပါတယ်။ source က မူရင်း code ဖြစ်ပြီး binary ကတော့ အဲဒီ code ကို သုံးလို့ရတဲ့ ပရိုဂရမ်ဖြစ်အောင် ပြောင်းထားတဲ့ ရလဒ်ပါ။ / bin dir ထဲမှာ OS အတွက် မရှိမဖြစ်လိုအပ်တဲ့ command တွေရဲ့ binary file တွေ စုစည်းထားတယ်။
/boot ကွန်ပျူတာစအတက်မှာ operation system စတင် အလုပ်လုပ်အောင် OS Kernel ကို ခေါ်ယူပေးရပါတယ်. အဲဒီလုပ်ငန်းစဉ်ကိုအောင်ရွက်ပေး တဲ့ boot loader အတွက် လိုအပ်တဲ့ဖိုင်တွေကို ဒီ dirမှာ စုစည်းထားပါတယ်။
/cdrom တကယ့် dir မဟုတ်သလို အရေးကြီးတဲ့ directory တစ်ခုလည်း မဟုတ်ပါ။ /media, /cdrom ကို ညွှန်းထားတဲ့ virtual directory (၁)ခုဖြစ်တယ်။
/dev ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ Hardware Devices တွေနဲ့ ပတ်သက်တဲ့ဖိုင်တွေကို စုစည်းသိမ်းဆည်းထားတဲ့ directory ဖြစ်တယ်။
/etc OS နဲ့ ပရိုဂရမ်တွေရဲ့ setting configuration တွေကို စုစည်းသိမ်ဆည်းထားတဲ့ directory ဖြစ်ပါတယ်။ နောက်ပိုင်း OS တစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ setting တွေ ပြင်ချင်ရင် ဒီ directory ထဲက configuration ဖိုင်တွေကို ပြင်ပေးရမှာဖြစ်တယ်။ ***Cofig file နဲ့ Service fileတွေရှိတယ်
/home အသုံးပြုသူရဲ့ ဖိုင်တွေကို စုစည်းသိမ်းထားတဲ့ directory ဖြစ်တယ်။
/lib OS နဲ့ ပရိုဂရမ်တွေကြား အတူတကွမျှဝေပြီး ဘုံအဖြစ် အသုံးပြုကြတဲ့ software library တွေကို စုစည်းသိမ်းထားတဲ့ directory ဖြစ်ပါတယ်။
/media Ubuntu က အလိုအလျောက် mount လုပ်ပေးထားတဲ့ device တွေကို ဒီ directory ထဲမှာ စုစည်းထားပေးတာပါ။
/mnt Root file system ကို ယာယီ mount လုပ်ဖို့အတွက် သုံးတဲ့ directory ဖြစ်ပါတယ်။
/opt အခြား library တွေ ဖိုင်တွေနဲ့ ဆက်စပ်ဖို့မလိုပဲ သီးခြားအလုပ်လုပ်တဲ့ Addon program တွေကို ဒီ directory ထဲမှာ သိမ်းဆည်းလေ့ရှိပါတယ်။ ပရိုဂရမ်တွေကို သိမ်းတဲ့နေရာလို့လည်း ဆိုနိုင်ပါတယ်။
/proc တကယ့် directory အစစ်မဟုတ်ပါဘူး။ CPU Architecture နဲ့ Speed စက်ဖွင့်ချိန် ဘယ်လောက်ကြာပြီလဲ၊ kernel module အနေနဲ့ ဘာတွေ အသုံးပြုထားလဲ စတဲ့ OS နဲ့ System ပိုင်းဆိုင်ရာ အချက်အလက်တွေကို သိမ်းဆည်းပေးထားတဲ့ virtual directory ဖြစ်ပါတယ်။
****CPU used တွေကြည့်လို့ရတယ်။
/root Super Administrator Account ဖြစ်ပြီး root user ရဲ့ ဖိုင်တွေကို စုစည်းသိမ်းဆည်းထားတဲ့ directory ဖြစ်ပါတယ်။
****root userရဲ့ Home dir root user ပဲသုံးလို့ရမယ်
/run လက်ရှိအလုပ်လုပ်နေတဲ့ ပရိုဂရမ်တွေရဲ့ အခြေအနေကို စုစည်းသိမ်းဆည်းထားတဲ့ variable directory တစ်ခုဖြစ်ပါတယ်။
/sbin OS အတွက် မဖြစ်မနေလိုအပ်တဲ့ system နဲ့ပတ်သက်တဲ့ binary ဖိုင်တွေကို သိမ်းဆည်းထားတဲ့ system directory တစ်ခုဖြစ်ပါတယ်။
/srv OS တစ်ခု ပုံမှန်အလုပ်လုပ်နေဖို့အတွက် နောက်ကွယ်မှာ Run ပြီး အမြဲတမ်းအလုပ်လုပ်နေရတဲ့ ပရိုဂရမ်တွေရှိပါတယ်။ အဲဒီလိုနောက်ကွယ်မှာ အမြဲအလုပ်လုပ်နေရတဲ့ ပရိုဂရမ်တွေကို service လို့ခေါ်တယ်။ ****Service ဖိုင်တွေ ပေးသုံးတဲ့ နေရာ /network service
/sys /proc နဲ့ အတူတူပါပဲ။ OS နဲ့ System ဆိုင်ရာ အချက်အလက်တွေကို သိမ်းဆည်းထားတဲ့ virtual directory ဖြစ်တယ်။
/usr အသုံးပြုသူ install လုပ်ထားတဲ့ ပရိုဂရမ်အားလုံးကို ဒီ directory ထဲမှာ စုစည်းသိမ်းထားတာဖြစ်ပါတယ်။
/var Variable Data လို့ခေါ်တဲ့ အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲနေတတ်တဲ့ အချက်အလက်တွေကို ဒီ Directoryထဲမှာ သိမ်းထားတယ်။

Post a Comment